Tuesday, March 28, 2017

ဖြေသိမ့်​ခြင်း

ဖြေသိမ့်ခြင်း....
********

ဝေဝေဝါးဝါးအိပ်မက်တွေကနေ
ယောင်ယောင်မှားမှား နိုးထလာရင်း
အိပ်မက်တွေကိုကြောက်လို့
နောက်တစ်ခါ ပြန်အိပ်ရမှာကို
ကြောက်နေမိတယ်

ချိုချိုခါးခါး ဘဝတွေလည်း
သန်းခေါင်ထက်နက်တဲ့ညတွေနဲ့
ကမ်းမမြင်တဲ့ပင်လယ်ထဲမှာ
ကူးခတ်နေခဲ့တယ်

ဖြော့တော့တဲ့နှုတ်ခမ်းတစ်စုံက
ချစ်ခြင်းမေတ္တာအကြောင်းပြောဖို့
ဆွံ့အနေခဲ့ပြီ

ပင်ပန်းလွန်နေတဲ့ နှလုံးသားက
သစ္စာတရားဆိုတဲ့အသံ
နားထောင်ရဲဖို့ သတ္တိတွေမရှိတော့ဘူး

ရက်စက်တဲ့ ပန်းခူးလက်တွေကြား
သေသေချာချာ ဖူးပွင့်ခွင့်မရလိုက်တဲ့ ပန်းလေးတွေ
ဤကမ္ဘာမြေမှာ ဝေးပါစေ .... ....

                          NgweThawdar

No comments:

Post a Comment