Friday, March 17, 2017

တစ်​​ကောင်​ တစ်​​ယောက်​ အလွမ်း

" တစ်ကောင် တစ်ယောက် အလွမ်း "
********************

မျက်နှာမသစ်ရသေးတဲ့
ငါ့ရဲ့နံနက်ခင်းတစ်ခုက
အလွမ်းပါးပါးတွေနဲ့စတင်တယ် ....

ဦးတည်ချက်မရှိ
ရောက်တတ်ရာရာအလွမ်းတွေက
စနစ်တကျတော့ရှိသား....

မနက်လေးနာရီ
နေ့လည်တစ်နာရီ
ညနေခြောက်နာရီ
အချိန်မှန်တွန်တဲ့ ဥဩလေးက
ငါ့ရဲ့လွမ်းဖော်အစစ်ပဲ ....

အလွမ်းရဲ့ပုံစံတွေစုံပေမယ့်
ငါနဲ့ဥဩလေးကတော့
ပုံစံတူ တစ်ကောင် တစ်ယောက် အလွမ်းတွေပဲ ....

ဥဩရယ်....
တို့ရဲ့ဘဝတွေက
လွမ်းဖို့သက်သက် ဖြစ်တည်ခဲ့ရင်တောင်
ဒီဘဝ ဒီခန္ဒာ အိုးစားမကွဲသရွေ့လေးပါပဲ
အပြစ်ကင်းတဲ့ တို့ချစ်ခြင်းတွေအတွက်
သံသရာပြတ်ဖို့
ကံကြမ္မာ ဆက်ဆက် ကူပါလိမ့်မကွဲ့
ခုတော့ ခပ်ပါးပါးပဲလွမ်းကြရအာင်... ....

                     NgweThawdar

No comments:

Post a Comment