Sunday, March 19, 2017

အချစ်​=အလွမ်း / အလွမ်း#အချစ်

အချစ်​=အလွမ်း / အလွမ်း#အချစ်

ကဗျာ​တွေစာ​တွေမသီပဲ
တိတ်​​တိတ်​​လေးလွမ်းခဲ့ချိန်​က
စိုစွတ်​ခဲ့တဲ့မျက်​ဝန်းတစ်​စုံလည်း
သွေ့​ခြောက်​သွားပြီ ...

ပါးပြင်​နှစ်​ဖက်​က မျက်​ရည်​မြစ်​လည်း
ခန်း​ခြောက်​သွားပြီ ...

ရပ်​တန့်​မရတဲ့ နှလုံး​သွေး​တွေ​တော့
ဆက်​လက်​စီးဆင်း​နေမှာ​ပေါ့ ...

မနှင်းဆီရဲ့အလွမ်း​တွေလည်း
နှလုံး​သွေးများနှင့်​အတူ
စီးဆင်း​နေမြဲပါပဲ ...

အချစ်​ရှိလို့ အလွမ်းဖြစ်​​သော်​ငြား
အလွမ်းဆိုတိုင်း​တော့
အချစ်​မမည်​​ပေဘူး​ပေါ့  ... ....
                               NgweThawdar

No comments:

Post a Comment