" နှစ်ခါသေစေ ...."
အတိတ်မှာ နင်ထားခဲ့ချိန်က
ငါ့အကြောင်းနဲ့ငါ့ကံ
ရှိစေတော့ရယ်လို့
မေတ္တာမပျက်တဲ့ချစ်ခြင်းတွေနဲ့
နင်ပျော်စေကြောင်း
တိတ်တိတ်လေးဆုတောင်း
အလွမ်းတွေပါထပ်ပေါင်းလို့
ရင်နင့်အောင် ငိုခဲ့ဘူးတယ် ....
ဘဝတွေတစ်ကယ်ခြားပြီလို့
စိတ်ဘဝင်မငြိမ်းစရာ
အပူမီးတွေကြွခဲ့ပုံများ
အံကြိတ်လို့တောင့်ခံ
နှုတ်ခမ်းသွေးပါ
ကြွေခဲ့ဘူးတယ် ....
ချစ်သူရယ် ....
ကြမ္မာရယ် ရက်စက်ပုံများ
သူ့အမိန့်ကိုချလိုက်ပုံက
ငါ့ကိုလေ ...
ဒီဘဝတင် နှစ်ခါသေစေ!! ....တဲ့ ... ....
NgweThawdar
No comments:
Post a Comment