အချစ်လို့ သေချာစာလုံးမပေါင်းတတ်ခင်
အလွမ်းတွေနဲ့ နင့်သီးခဲ့ဖူးတယ်
ဒီလိုရာသီလေးပဲ
အဖြူအစိမ်းဝတ်မှာ
ပန်းပွားလွယ်အိတ်ဖြူဖြူလေးနဲ့
ကောင်မလေးတစ်ယောက်
နွေကြိုဥဩလေးနဲ့ သစ်ရွက်ကြွေလေးတွေ
ဖုန်ထူထူလမ်းလေးနဲ့ ပိတောက်ဝါတွေ
တဖြုတ်ဖြုတ်ကြွေခဲ့ သက္ကရာဇ်ဟောင်းတွေ
ရရန်ရှိတဲ့ နှောင်းချစ်ကြွေးတွေ
နွေနေပူမှာ စို့နင့်လာတဲ့မျက်ဝန်းတစ်စုံ
ဒါဟာသိပ်လှတဲ့ နွေပန်းချီတစ်ချပ်လို့ယုံ!
NgweThawdar
No comments:
Post a Comment