Wednesday, March 22, 2017

ဥယျာဉ်​မှူးလိုလတစ်​စင်း

ဥယျာဉ်မှူးလို လတစင်း
************

ကိုယ်ဟာဥယျာဉ်မှူးမို့
ပန်းတွေကိုဖန်ဆင်းတတ်တာ
အပြစ်ရှိသတဲ့လား •••

အဆင်းလှပြီး ရနံ့ကြွယ်တဲ့
ပန်းကလေးတွေဖြစ်ဖို့
ဘဝတစ်ခုလုံးမြှုပ်နှံထားခဲ့သူပါကွယ် •••

ပိုင်ရှင်အသစ်ဆီ လိုက်သွားလည်း
တားခွင့်မရှိသူက ဥယျာဉ်မှူးပါ •••

ကိုယ်ဟာလမင်းတစ်စင်းမို့
တစ်ပါးသူရင်ကို ငြိမ်းအေးစေတာ
အပြစ်ရှိသတဲ့လား••••

အချစ်ငတ်သူတွေအတွက်
ကိုယ့်အလင်းနဲ့အေးမြစေခဲ့ပါတယ် •••

တစ်ပါးသူတွေချမ်းမြေ့စေဖို့
ကိုယ်တိုင်လောင်ကျွမ်းခံခဲ့တဲ့
လတစ်စင်းရဲ့ ချစ်ခြင်း
အပြစ်ကင်းခဲ့ပါတယ်ကွယ်••• ••••

                     NgweThawdar

No comments:

Post a Comment