* အပြုံးများ *
**********
လင်းခြင်းနေတဲ့ကောင်းကင်
ရုတ်တရက်အုံ့ဆိုင်းသွားတော့
နှလုံးသားကရုတ်တရက်ထခုန်တယ်
ငုပင်ကြီးကိုမော့ကြည့်တော့
ခပ်နွမ်းနွမ်းပြုံးပြနေရဲ့
ယဲ့ယဲ့အပြုံးနဲ့ နှုတ်ဆက်လှည့်အထွက်
ရေတမာပင်အောက်က
သူဖုန်းစားလေးရဲ့ခွက်
ကိုယ့်ခြေနဲ့တိုက်လိုက်မိတယ်
မျှော်လင့်ခြင်းမျက်ဝန်းတွေကို
ဘာသာမပြန်ပဲ
တစ်ထောင်တန်တစ်ရွက်
လှမ်းအထည့်မှာ
သူဖုန်းစားလေးရဲ့အပြုံး
မြန်မာပြည်ကြီးသူပိုင်သွားသလို
ကိုယ်သတိရသွားတယ်
ဒီလိုအပြုံးမျိုး
အချစ် သူဖုန်းစားတစ်ယောက်ရဲ့ခွက်ထဲ
ကိုယ့်နှလုံးသားလေး လှူခဲ့စဉ်က ... ....
NgweThawdar
No comments:
Post a Comment