Tuesday, April 4, 2017

အခါး

" အခါး "

လူတိုင်းကိုယ်​စီရှိကြတဲ့အတိတ်
ချိုတယ်​ခါးတယ်
နဲနဲ​တော့ကွာမယ်​​ပေါ့
အ​ပျော်​အလွမ်း
သဏ္ဍန်​လည်းကွဲ​ချေမ​ပေါ့ ...

လွမ်းစရာရှိတိုင်း နာစရာနဲ့​ဖြေတဲ့အတိတ်
မနှင်းဆီအတိတ်​​တွေကျမှ
ဘာလို့များ တူးဆွ​နေချင်​ကြပါသလဲ ...

အကြိမ်​ကြိမ်​အခါခါ ရှုံးခဲ့လို့
တစ်​ခါ​လောက်​​လေး နိုင်​ဖူးချင်​တာ
မနှင်းဆီအပြစ်​​တွေ သိပ်​ကြီးသွားသလား ...

ရိုးသားသူတိုင်း အလိမ်​ခံရဘူးပါတယ်
ကိုယ့်​ကျမှ နုံအ​လေခြင်းလို့
ပြစ်​တင်​မခံရသင့်​ပါဘူး ...

ပိတ်​ထားပြီးတဲ့ကန်​လန့်​ကာကို
ခဏခဏ လာမဖွင့်​ကြပါနဲ့
အမှန်​တရား​တွေက
မနှင်းဆီအချစ်​​တွေလိုပဲ ခါးတယ်​ ... ....
                              Ngwethawdar

No comments:

Post a Comment