နှစ်မကူးခင်ဆုံပါရစေ...
****************
ပိတောက်ဖူးရင်ပြန်လာမယ်ဆိုလို့
မျှော်နေရင်းနဲ့လွမ်းရတဲ့ဘဝဆိုတာလည်း
သောကမုန်တိုင်းတွေနဲ့အတူပါပဲ ...
သူခူးလို့ပန်ပေးမယ်ဆိုလို့
မယ့်ကေသာဦးကို အစဉ်ထူးအောင်
ဆီလူးလို့ထားပါပေါ့
ပြန်လာခဲ့ပါတော့ ချစ်သူငဲ့ ...
တစ်နှစ်ကူးရင် အပြစ်စူးတွေကျေအောင်လို့
ဆံတော်ရှင်ထံပါးမှာ
အမောင့်အတွက်ရည်စူး
ပိတောက်ဖူးတွေ ကပ်ကာလှူထားတယ်
မယ့်လက်ဆယ်ဖြာ ယှက်ကာမိုးလို့
တောင်းဆုချွေတယ်
ဒီနှစ်မကူးခင်ဆုံပါရစေ ... ...
NgweThawdar
No comments:
Post a Comment