Thursday, April 20, 2017

သောကသူ​ဌေးမ​လေး

Listen to me sing "သောကသူဋ္ဌေးမလေး" on #Smule: http://www.smule.com/p/730567999_1213151732 #SingKaraoke

Monday, April 10, 2017

နှစ်​မကူးခင်​ဆုံပါရ​စေ

နှစ်​မကူးခင်​ဆုံပါရ​စေ...
****************

ပိ​တောက်​ဖူးရင်​ပြန်​လာမယ်​ဆိုလို့
မျှော်​​နေရင်းနဲ့လွမ်းရတဲ့ဘဝဆိုတာလည်း
သောကမုန်​တိုင်း​တွေနဲ့အတူပါပဲ ...

သူခူးလို့ပန်​​ပေးမယ်​ဆိုလို့
မယ့်​​ကေသာဦးကို အစဉ်​ထူး​အောင်
ဆီလူးလို့ထားပါ​ပေါ့
ပြန်​လာခဲ့ပါ​တော့ ချစ်​သူငဲ့ ...

တစ်​နှစ်​ကူးရင်​ အပြစ်​စူး​တွေ​ကျေ​အောင်​လို့
ဆံ​တော်​ရှင်​ထံပါးမှာ
အ​မောင့်​အတွက်​ရည်​စူး
ပိ​တောက်​ဖူး​တွေ ကပ်​ကာလှူထားတယ်
မယ့်​လက်​ဆယ်​ဖြာ ယှက်​ကာမိုးလို့
တောင်းဆု​ချွေတယ်
ဒီနှစ်​မကူးခင်​ဆုံပါရ​စေ ... ...
                                      NgweThawdar

ရေးဦးမယ်​ ကဗျာ

ရင်​နင့်​​အောင်​လွမ်း

ဆက်​​လျှောက်​ပါ

မျှော်​လင့်​ခြင်းတစ်​စုံတစ်​ရာ

အဆင်​​ပြေလား...ချစ်​သူ

မ​မျှော်​​တော့ဘူး

မယုံ​တော့ဘူး

အသက်​ထက်​ပို​သော

အပြစ်​မတင်​ရက်​ပါ

သေသည့်​​နေ့ထိ

ဆန္ဒတစ်​ချို့ ချစ်​သူသိ​စေ

Love me little ..... love me long

အ​ကြောင်းပြချက်

ပြန်​လာမဲ့တစ်​​နေ့

အ​ကြောင်းပြချက်

ကဗျာဆရာ၏နံနက်​ခင်း

မောင်​လက်​​လျော့လို့​နေရစ်​​တော့

သင်းကွဲငှက်​က​လေး...သို့

ကောင်းကင်​နဲ့ပင်​လယ်

ရာဇဝင်​ထဲကလိုလွမ်း​နေတယ်

ဖြစ်​​စေ....ဖြစ်​​စေ

ဆုံဆည်ူခွင့်

မနက်​ဖြန်​တိုင်း

Tuesday, April 4, 2017

အ​ကြောင်းပြချက်

ရာဇဝင်​ထဲကလိုချစ်​ပြမယ်

သက်​​ရောက်​မှုအလွမ်း

ကြွေချိန်

" ကြွေချိန် "
********

ဝေချိန်မှာ အတူရှိနေခဲ့ပေမယ့်
ကြွေချိန်မှာ ကိုယ်တစ်ယောက်တည်းပေမို့
အများတကာတွေ အပြစ်မြင်ကြသော်လည်း
အချစ်ပိုသူ မေ့သခင်တစ်ပါးကိုဖြင့်
အသက်ကိုပင် နှင်းအပ်ချစ်တာမို့
မြူတစ်မှုံပင် အပြစ်မမြင်တော့ပါဘူး
သခင်ရယ်....
မင်းပျော်နေခဲ့... ....

              NgweThawdar

ကျွန်​မ​ကြောင့်

" ကျွန်မကြောင့် "
**********

ကျွန်မကြောင့်

မောင် ဆိုတဲ့နာမ်စားလေး
သူခေါ်ဝေါ်သုံးစွဲတတ်သွားတယ်...

ကျွန်မကြောင့်

အချစ်ဆိုတာ
ရယူခြင်းသက်သက်မဟုတ်တဲ့
ပေးဆပ်ခြင်းတွေထုံမွမ်းထားမှန်း
သူ သင်ယူလိုက်ရတယ်...

ကျွန်မကြောင့်

မျဉ်းပြိုင်တွေအကြောင်း

ဆန္ဒနဲ့ဘဝတွေ ထပ်တူမကျတတ်ကြောင်း

ဟန်ဆောင်မှုတွေအကြောင်း

အလွမ်းတွေနဲ့ စို့နင့်မြိုသိပ်မှုတွေအကြောင်း

သူ သင်ယူတတ်မြောက်ခဲ့ရလို့

ကျွန်မက သူ့အတွက်
#အချစ်အဘိဓမ္မာဆရာမကြီးပါတဲ့လေ....

ဩော်....
ခုတော့လည်း ပညာတွေစုံလို့
ရေကြည်ရာမြက်နုရာကို ထွက်ခွာသွားခဲ့ပြီပေါ့...

စိတ်ရှိသလောက်
လွတ်လပ်စွာပျံဝဲကြည့်လိုက်ပါ
ရင်ခုန်ဘက်ကိုလည်း တွေ့နိုင်ကောင်းပါရဲ့...

မောပန်းလို့ အတောင်ညောင်းလာတဲ့တစ်နေ့....
ပေးဆပ်ခြင်းရဲ့အနက် သူပိုသိလာတဲ့တစ်နေ့.....
ကိုယ့်ကိုခေါ်ခဲ့တဲ့ နာမ်စားလေးတစ်ခုအတွက်
သူ....နောင်တရနေမှာပါ.... .....

                                 NgweThawdar

အခါး

" အခါး "

လူတိုင်းကိုယ်​စီရှိကြတဲ့အတိတ်
ချိုတယ်​ခါးတယ်
နဲနဲ​တော့ကွာမယ်​​ပေါ့
အ​ပျော်​အလွမ်း
သဏ္ဍန်​လည်းကွဲ​ချေမ​ပေါ့ ...

လွမ်းစရာရှိတိုင်း နာစရာနဲ့​ဖြေတဲ့အတိတ်
မနှင်းဆီအတိတ်​​တွေကျမှ
ဘာလို့များ တူးဆွ​နေချင်​ကြပါသလဲ ...

အကြိမ်​ကြိမ်​အခါခါ ရှုံးခဲ့လို့
တစ်​ခါ​လောက်​​လေး နိုင်​ဖူးချင်​တာ
မနှင်းဆီအပြစ်​​တွေ သိပ်​ကြီးသွားသလား ...

ရိုးသားသူတိုင်း အလိမ်​ခံရဘူးပါတယ်
ကိုယ့်​ကျမှ နုံအ​လေခြင်းလို့
ပြစ်​တင်​မခံရသင့်​ပါဘူး ...

ပိတ်​ထားပြီးတဲ့ကန်​လန့်​ကာကို
ခဏခဏ လာမဖွင့်​ကြပါနဲ့
အမှန်​တရား​တွေက
မနှင်းဆီအချစ်​​တွေလိုပဲ ခါးတယ်​ ... ....
                              Ngwethawdar